UltraSurf ကတော့ ဘန်းကျော်သားတို့နဲ့ရင်းနှီးပြီးသားမို့လို့ အထူးတလည်ပြောစရာမလိုတော့ဘူးထင်တယ်။ အရင်က ဆို UltraSurf ကို IE မှာပဲ သုံးလို့ရတယ်လေ။ အခုတော့ firefox မှာပါသုံးလို့ရပြီဖြစ်ပါတယ်။
ကျော်ဖို့ခွဖို့ တခုတည်းမဟုတ်ပဲ ကိုယ့်ရဲ့ privacy ကိုကာကွယ်ဖို့လဲ သုံးလို့ရပါတယ်။
ဒါပေမဲ့ ဒီ add-on ရဲ့အားနည်းချက်ကတော့ အရင် IE မှာ သုံးရသလို proxy ကို auto မပြောင်းပေးတာပါပဲ။ ဒီတော့ proxy setting ကို ကိုယ့်ဟာကိုယ်ပြောင်းယူရပါမယ်။
အသုံးပြုပုံ
အောက်က လင့်မှာ UltraSurf software ဒေါင်းလုပ်ဆွဲလိုက်ပါ။ ( အင်စတောလုပ်ရန်မလိုပါ ။ လိုအပ်သည့်အခါတွင်တာ .exe file ကို double click နှိပ်ပေးရန်လိုပါသည်)
file size: (442Kb)
http://www.ultrareach.net/download_en.htmUltrasurf Firefox add-on ကို ဒီမှာထပ်ဒေါင်းပြီး zip file ကိုဖြေလိုက်ပါ
file size: (23Kb)
http://www.ultrareach.net/download_en.htmFirefox browser ကိုဖွင့်လိုက်ပြီး wjbutton_en.xpi file ကို Firefox window ထဲကို drag ဆွဲထည့်လိုက်ပါ။ ပြီးရင် "Install" button ကိုနှိပ်ပြီး အင်စတောလုပ်လိုက်ပါ။ Firefox window ရဲ့ညာဘက်ထောင့်မှာ UltraSurf icon သို့မဟုတ် စာသားကိုပြပါလိမ့်မယ်။ ပြီးရင် firefox windows အားလုံးကိုပိတ်ပြီး Firefox
ကိုပြန်ဖွင့်လိုက်ပါ။

အောက်မှာ မျှားပြထားတဲနေရာမှာ UltraSurf ကို enable or disable ကလစ်နှိပ်ပြီး ရွေးပေးလို့ရပါတယ်။
0 comments:
Post a Comment