ကင်းကောင်နဲ့ဆက်သွယ်လို့မရအောင် အိမ်မှာပိတ်ထားတဲ့အပြင် အွန်လိုင်းကပါဆက်သွယ်လို့မရအောင် အီးမေးတွေကိုပါ သူတို့လက်ကဖြတ်ပြီး သေချာစစ်ဆေးပြီးမှ သူတို့သမီးကိုပေးဖတ်တာ။ အဲဒီမှာကင်းကောင်လဲ အကြံရခက်သွားတယ်။ ဒါပေမဲ့သူလဲခေသူမှမဟုတ်တာ။ ရွာသာကြီးက ကွန်ပျူတာဘွဲ့ရလာတဲ့အကောင်ပဲ။
ဒီလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ဆိုပြီး သူက ကောင်မလေးရဲ့ သူငယ်ချင်းနာမည်ဆင်တူသုံးပြီး ဂျီမေးအကောင့်ဖွင့်လိုက်တာပေါ့။ပြီးရင် သူ့စာတွေကို အယောင်ဆောင်ပို့ဖို့အတွက် ကောင်မလေး ပုံတစ်ပုံရွေးလိုက်ပါတယ်။ ပြီးရင် myphoto လို့နာမည်ပေးပါတယ်။ အဲဒီပုံကို C:\ (C directory) အောက်မှာခဏထားလိုက်ပါတယ်။
သူရးချင်တဲ့စာကို Notepad နဲ့ ရေးလိုက်ပါတယ်။ ပြီးရင် အဲဒီ Notepad ကို C:\ အောက်မှာပဲ myletter နာမည်နဲ့ save မှတ်လိုက်ပါတယ်။
အားလုံးပြီးသွားရင် Command Prompt ကို ဖွင့်ပြီး သူ့ file တွေ သိမ်းထားတဲ့ directory ( C:\) ကိုသွားပြီး အောက်ကအတိုင်းရိုက်ထည့်လိုက်ပါတယ်။
copy /b myphoto.jpg + myletter.txt combine.jpg
combine.jpg ဆိုတဲ့နာမည်နဲ့ ပုံအသစ်တပုံ အဲဒီ C:\ အောက်မှာပဲပေါ်လာပါမယ်။
ကင်းကောင်က အဲဒီ combine ဆိုတဲ့ပုံလေးကို ပွင့်ဆီ အီးမေးကနေပို့လိုက်ပါတယ်။ ထုံးစံအတိုင်း ပွင့်အိမ်ကလူတွေက ပုံကို double click နှိပ်ပြီးကြည့်လိုက်တော့ ကောင်မလေးပုံဆိုတော့ ပွင့်ကို လက်ဆင့်ကမ်းပေးလိုက်တာပေါ့။ ပွင့်က အဲဒီပုံကို Right Click နှိတ်ပြီး open with နဲ့ notepad အနေနဲ့ဖွင့်ကြည့်လိုက်မှ ကုဒ်တွေရဲ့ နောက်ဆုံးမှာ သူ့ကိုကိုကင်းကောင်ရဲ့ အချစ်စာလွှာလေးကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
1 comments:
thinking ကောင်းတယ် ရေးထားတာလေးက ဒာကို
Post a Comment