ကိုယ့်မိတ်ဆွေ computer ရဲ့ အိုင်ပီကို သိအောင်လုပ်နည်း

| 03 July 2009
ကျနော်တို့တွေ တခါတရံ အင်တာနက်မှာ ချက်ကြတဲ့အခါ ကိုယ်နဲ့ချက်နေတဲ့မိတ်ဆွေက
သူပြောတဲ့ သူနေတဲ့ နိုင်ငံက တကယ်ဟုတ်မဟုတ်သိချင်ကြပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမှာလဲ။ လွယ်ပါတယ်။ ကိုယ့်ချက်မိတ်ရဲ့ အိုင်ပီကိုသိအောင်လုပ်ပေါ့။ အောက်မှာလုပ်ပုံလုပ်နည်း အသေးစိတ်ကိုဖော်ပြထားပါတယ်။

1) အောက်က IP-Finder file (PHP script) လေးကိုဒေါင်းလိုက်ပါ။

Code:
http://ifile.it/pdy1zim

2) ပြီးရင် အောက်က ဆိုက်ကဲ့သို့ PHP ကို support လုပ်တဲ့ free hosting တခုမှာ အကောင့်ဖွင့်လိုက်ပါ

Code:
http://x10hosting.com/

3) IP_Finder.ZIP file ကိုဖြေလိုက်ပါ။  ip.php နဲ့  ip_log.txt ဖိုင်နှစ်ခုကို File Manager သုံးပြီး မိမိ ဟို့တင်းရဲ့ root folder ပေါ် upload တင်လိုက်ပါ။

4) ip.php ကို မိမိကြိုက်နှစ်သက်ရာ နာမည်ပေးလို့ရပါတယ်

5) ip_log.txt ရဲ့ permission ကို 777 ပေးလိုက်ပါ

အဲဒါအားလုံးပြီးသွားရင်တော့  ip.php file ရှိတဲ့  လင့်ကို ကိုယ်အိုင်ပီသိချင်တဲ့ မိတ်ဆွေဆီ ပို့ပေးလိုက်ပါ။
သင့်မိတ်ဆွေက အဲဒီလင့်ကို  ကလစ်လိုက်တာနဲ့ သူ့ရဲ့အိုင်ပီက ip_log.txt. ဖိုင်မှာ မှတ်ပြီးဖြစ်ပါလိမ့်မယ်

ပိုမိုသိရှိနားလည်ဖို့ အောက်က ဥပမာလေးကိုကြည့်လိုက်ရအောင်

သင်က X10hosting.com မှာ အကောင့်ဖွင့်ထားပြီး သင့်ရဲ့ subdomain နာမည်က abc လို့ယူဆရအောင်။ ဒါဆိုသင့်ရဲ့ IP Finder link က အောက်ကလိုမျိုးဖြစ်နေပါလိမ့်မယ်။

http://abc.x10hosting.com/ip.php

သင်က ဒီလင့်လေးကို သင် အိုင်ပီသိချင်နေတဲ့ မိတ်ဆွေက ကလစ်အောင်တော့ စွမ်းဆောင်ရပါလိမ့်မယ်။

သူကလစ်လိုက်ပြီဆိုတာနဲ့  ip_log.txt file ထဲမှာ သူ့ရဲ့ အိုင်ပီနဲ့ သူကလစ်လုပ်တဲ့အချိန်ကိုမှတ်သားပေးထားပါလိမ့်မယ်။ ပြီးရင် သူမရိပ်မိအောင် google.com ဆီ  အလိုအလျှောက် redirect လုပ်သွားပါလိမ့်မယ်။

မှတ်ထားတဲ့ အိုင်ပီ address log ကိုအောက်ကလင့်မှာ သွားရှာနိုင်ပါတယ်။

http://abc.x10hosting.com/ip_log.php

log တွေက အောက်က format အတိုင်းဖြစ်နေပါလိမ့်မယ်

73.92.144.237 Thursday 07th of May 2009 05:31:27 PM
52.45.144.237 Thursday 07th of May 2009 05:31:28 PM
122.92.144.237 Thursday 07th of May 2009 05:31:31 PM

မှတ်ချက်: abc နေရာမှာ သင့်ရဲ့ subdoamin name ကိုအစားထိုးပြီးဖတ်ပေးပါရန်


1 comments:

nayla said...

အကို.. IP-Finder file (PHP script)ကဒေါင်းလို့မရတော့ဘူး
ကြည့်ပေးပါအုန်း

Post a Comment