Firefox ရဲ့ download speed ကို မြှင့်တင်ရအောင်။

| 03 July 2009
Firefox က default အနေနဲ့  dial-up speeds ကို ထားထားတာပါ  ။ သင်ဟာ high speed internet ကိုသုံးနေတာဆိုရင် firefox ရဲ့ setting အနည်းငယ်ပြောင်းပေးရုံနဲ့  သင့်ရဲ့ download speed တော်တော်လေးမြန်လာတာကိုတွေ့ရပါလိမ့်မယ်။ Firefox ရဲ့  number of connections ကိုပြောင်းချင်းဖြစ်လဲ သင့်ရဲ့ bandwidth ကို အကြီးအကျယ်တိုးပေးပါလိမ့်မယ်။ သင် ဖိုင် size  ကြီးကြီးဒေါင်းလေ သင့် download speed ပိုမြန်လာလေ ဖြစ်ပါလိမ့်မယ်။

1) Firefox connection setting ကိုပြောင်းပေးဖို့
about:config ကို  Firefox ရဲ့ address bar မှာရိုက်ထည့်လိုက်ပါ။

2) "Filter:" bar မှာ persistent ဆိုပြီးရိုက်ထည့်လိုက်ပါ

3) အောက်ကအတိုင်း preference names နှစ်ခုကို သူတို့ရဲ့တန်ဖိုးနဲ့တွဲပြီးမြင်ရပါမယ်
network.http.max-persistent-connections-per-proxy user set interger 8
network.http.max-persistent-connections-per-server user set interger 6

4)  အဲဒီ preference name တခုဆီမှာ Double click နှိပ်လိုက်ပါ။  တန်ဖိုးချိန်းပေးဖို့ pop-up window လေးတက်လာပါလိမ့်မယ်။ သင်အသုံးပြုနေတဲ့ internet connection က cable သို့မဟုတ်  DSL ဆိုရင် 20 နဲ့ 30 ကြားထဲက နံပါတ်တခုခုကို ထည့်ပေးလိုက်ပါ။ (ကိုယ့် connection speed ကိုလိုက်ပြီး အဲဒီ အတွင်းမှာ အတိုးအလျှော့လုပ်ကြည့်ပါ။ ) ပြီးရင် OK  ကိုနှိပ်လိုက်ပါ။

5) Firefox ကို Restart ချလိုက်ပါ။ file တွေပိုများများကို တပြိုင်တည်း download လုပ်လို့ရနိုင်ပြီး download speed လဲ တော်တော် တက်လာတာကိုတွေ့ရပါလိမ့်မယ်။

0 comments:

Post a Comment