Showing posts with label Computer Tips And Tricks. Show all posts
Showing posts with label Computer Tips And Tricks. Show all posts

ဘာ software မသုံးပဲ websites တွေကို block လုပ်ရအောင်

| 03 July 2009
လုပ်ပုံလုပ်နည်း

1) အောက်ပါလမ်းကြောင်းအတိုင်းသွားလိုက်ပါ C:\WINDOWS\system32\drivers\etc

2) "hosts" ဆိုတဲ့ file ကိုရှာကြည့်လိုက်ပါ

3) အဲဒီ file ကို notepad အနေနဲ့ဖွင့်လိုက်ပါ

4) "127.0.0.1    localhost"  ရဲ့အောက်ဘက်မှာ ကိုယ်ပိတ်ချင်တဲ့ web site address ကိုဒီလိုလေးရိုက်ထည့်ပေးပါ
     127.0.0.2 www.sitenameyouwantblocked.com
     ဒါဆိုရင် အဲဒီဆိုက်ကို သင့်ကွန်ပျူတာမှ လုံးဝ browse လုပ်၍ရမည်မဟုတ်တော့ပါ

ကိုယ်ပိတ်ချင်တဲ့ website တိုင်းကို တခုပြီးတခု ရိုက်ထည့်ပေးလို့ရပါတယ်။ internal ip (127.0.0.2) ရဲ့နောက်ဆုံးဂဏန်းကိုတော့ 1 တိုးပေးရပါမယ်။

ဥပမာ

127.0.0.1 localhost
127.0.0.
2 www.cnn.com
127.0.0.
3 www.bbc.com
127.0.0.
4 www.rfa.com

etc.,

ကိုယ့်မိတ်ဆွေ computer ရဲ့ အိုင်ပီကို သိအောင်လုပ်နည်း

|
ကျနော်တို့တွေ တခါတရံ အင်တာနက်မှာ ချက်ကြတဲ့အခါ ကိုယ်နဲ့ချက်နေတဲ့မိတ်ဆွေက
သူပြောတဲ့ သူနေတဲ့ နိုင်ငံက တကယ်ဟုတ်မဟုတ်သိချင်ကြပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမှာလဲ။ လွယ်ပါတယ်။ ကိုယ့်ချက်မိတ်ရဲ့ အိုင်ပီကိုသိအောင်လုပ်ပေါ့။ အောက်မှာလုပ်ပုံလုပ်နည်း အသေးစိတ်ကိုဖော်ပြထားပါတယ်။

1) အောက်က IP-Finder file (PHP script) လေးကိုဒေါင်းလိုက်ပါ။

Code:
http://ifile.it/pdy1zim

2) ပြီးရင် အောက်က ဆိုက်ကဲ့သို့ PHP ကို support လုပ်တဲ့ free hosting တခုမှာ အကောင့်ဖွင့်လိုက်ပါ

Code:
http://x10hosting.com/

3) IP_Finder.ZIP file ကိုဖြေလိုက်ပါ။  ip.php နဲ့  ip_log.txt ဖိုင်နှစ်ခုကို File Manager သုံးပြီး မိမိ ဟို့တင်းရဲ့ root folder ပေါ် upload တင်လိုက်ပါ။

4) ip.php ကို မိမိကြိုက်နှစ်သက်ရာ နာမည်ပေးလို့ရပါတယ်

5) ip_log.txt ရဲ့ permission ကို 777 ပေးလိုက်ပါ

အဲဒါအားလုံးပြီးသွားရင်တော့  ip.php file ရှိတဲ့  လင့်ကို ကိုယ်အိုင်ပီသိချင်တဲ့ မိတ်ဆွေဆီ ပို့ပေးလိုက်ပါ။
သင့်မိတ်ဆွေက အဲဒီလင့်ကို  ကလစ်လိုက်တာနဲ့ သူ့ရဲ့အိုင်ပီက ip_log.txt. ဖိုင်မှာ မှတ်ပြီးဖြစ်ပါလိမ့်မယ်

ပိုမိုသိရှိနားလည်ဖို့ အောက်က ဥပမာလေးကိုကြည့်လိုက်ရအောင်

သင်က X10hosting.com မှာ အကောင့်ဖွင့်ထားပြီး သင့်ရဲ့ subdomain နာမည်က abc လို့ယူဆရအောင်။ ဒါဆိုသင့်ရဲ့ IP Finder link က အောက်ကလိုမျိုးဖြစ်နေပါလိမ့်မယ်။

http://abc.x10hosting.com/ip.php

သင်က ဒီလင့်လေးကို သင် အိုင်ပီသိချင်နေတဲ့ မိတ်ဆွေက ကလစ်အောင်တော့ စွမ်းဆောင်ရပါလိမ့်မယ်။

သူကလစ်လိုက်ပြီဆိုတာနဲ့  ip_log.txt file ထဲမှာ သူ့ရဲ့ အိုင်ပီနဲ့ သူကလစ်လုပ်တဲ့အချိန်ကိုမှတ်သားပေးထားပါလိမ့်မယ်။ ပြီးရင် သူမရိပ်မိအောင် google.com ဆီ  အလိုအလျှောက် redirect လုပ်သွားပါလိမ့်မယ်။

မှတ်ထားတဲ့ အိုင်ပီ address log ကိုအောက်ကလင့်မှာ သွားရှာနိုင်ပါတယ်။

http://abc.x10hosting.com/ip_log.php

log တွေက အောက်က format အတိုင်းဖြစ်နေပါလိမ့်မယ်

73.92.144.237 Thursday 07th of May 2009 05:31:27 PM
52.45.144.237 Thursday 07th of May 2009 05:31:28 PM
122.92.144.237 Thursday 07th of May 2009 05:31:31 PM

မှတ်ချက်: abc နေရာမှာ သင့်ရဲ့ subdoamin name ကိုအစားထိုးပြီးဖတ်ပေးပါရန်


ကိုယ့်စက်က ဖိုင်တွေကို USB Drives နဲ့ကူးယူလို့မရအောင် လုပ်ကြမယ်

|
ကျနော်တို့တွေ တခါတလေ ကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးသွားမှာမလိုလားဘူး။ အထူးသဖြင့် လူဝင်လူထွက်များတဲ့ရုံးတွေမှာဆို ပိုဆိုးတယ်။ ဒါဆိုရင် အဲလို USB Drives နဲ့ ကော်ပီကူးလို့မရအောင် Registry ထဲမှာသွားပြင်ကြရအောင်။
1) Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။ 2) ဒီလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့်သွားလိုက်ပါ “HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control” 3) key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ။ 4) StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကို ဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect ဆိုပြီး အမည်ပေးလိုက်ပါ။ 5) အဲဒီ WriteProtect ရဲ့တန်ဖိုးကို ပုံမှာ ပြထားတဲ့အတိုင်း " 1 " လို့ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ setting အလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။ စက်ပြန်တက်လာတဲ့အခါ သင့်စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drives တွေနဲ့ကူးလို့ရမှာ မဟုတ်တော့ပါဘူး။ ကူးလိုက်ရင်အောက်ပါအတိုင်း error message တက်ပါလိမ့်မယ်။ ဒီနည်းကို Window XP SP 2 မှ Vista အထိသုံးလို့ရပါတယ်။ ဒါပေမဲ့ ဖိုင်ကူးမဲ့လူက administrator status ရထားရင်တော့ ဒီ setting ကိုအလွယ်တကူပြန်ပြင်လို့ရပါတယ်။
မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍ backup လုပ်ထားရန်လိုအပ်ပါသည်။

Firefox ရဲ့ download speed ကို မြှင့်တင်ရအောင်။

|
Firefox က default အနေနဲ့  dial-up speeds ကို ထားထားတာပါ  ။ သင်ဟာ high speed internet ကိုသုံးနေတာဆိုရင် firefox ရဲ့ setting အနည်းငယ်ပြောင်းပေးရုံနဲ့  သင့်ရဲ့ download speed တော်တော်လေးမြန်လာတာကိုတွေ့ရပါလိမ့်မယ်။ Firefox ရဲ့  number of connections ကိုပြောင်းချင်းဖြစ်လဲ သင့်ရဲ့ bandwidth ကို အကြီးအကျယ်တိုးပေးပါလိမ့်မယ်။ သင် ဖိုင် size  ကြီးကြီးဒေါင်းလေ သင့် download speed ပိုမြန်လာလေ ဖြစ်ပါလိမ့်မယ်။

1) Firefox connection setting ကိုပြောင်းပေးဖို့
about:config ကို  Firefox ရဲ့ address bar မှာရိုက်ထည့်လိုက်ပါ။

2) "Filter:" bar မှာ persistent ဆိုပြီးရိုက်ထည့်လိုက်ပါ

3) အောက်ကအတိုင်း preference names နှစ်ခုကို သူတို့ရဲ့တန်ဖိုးနဲ့တွဲပြီးမြင်ရပါမယ်
network.http.max-persistent-connections-per-proxy user set interger 8
network.http.max-persistent-connections-per-server user set interger 6

4)  အဲဒီ preference name တခုဆီမှာ Double click နှိပ်လိုက်ပါ။  တန်ဖိုးချိန်းပေးဖို့ pop-up window လေးတက်လာပါလိမ့်မယ်။ သင်အသုံးပြုနေတဲ့ internet connection က cable သို့မဟုတ်  DSL ဆိုရင် 20 နဲ့ 30 ကြားထဲက နံပါတ်တခုခုကို ထည့်ပေးလိုက်ပါ။ (ကိုယ့် connection speed ကိုလိုက်ပြီး အဲဒီ အတွင်းမှာ အတိုးအလျှော့လုပ်ကြည့်ပါ။ ) ပြီးရင် OK  ကိုနှိပ်လိုက်ပါ။

5) Firefox ကို Restart ချလိုက်ပါ။ file တွေပိုများများကို တပြိုင်တည်း download လုပ်လို့ရနိုင်ပြီး download speed လဲ တော်တော် တက်လာတာကိုတွေ့ရပါလိမ့်မယ်။

notepad ထဲမှာ စာတွေဖွက်ကြမယ်

|
command prompt ကိုအသုံးပြုပြီး text file ထဲမှာ စာတွေကိုဖွက်လို့ရပါတယ်။ အဲဒီလိုလုပ်ဖို့ သင့် partition system က NTFS ဖြစ်ဖို့တော့လိုပါလိမ့်မယ်။

1) command prompt ကိုဖွင့်ဖို့ အတွက် Start–>Run မှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ

2) ကြိုက်တဲ့ directory (C:\> or D:\>) ကိုသုံးနိုင်ပါတယ် ဒီမှာတော့ D:\> ကိုသုံးပြပါမယ်။

3) command prompt မှာအောက်ကကုဒ်ကိုရိုက်ထည့်လိုက်ပါ။
   
   
D:\>notepad mmso.txt:hidden

   mmso နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်

4)ပေါ်လာတဲ့ mmso notepad ကို save လုပ်လိုက်ပါ

5) mmso notepad ဖြစ်သွားပါလိမ့်မယ်

6)  အဲဒီ notepad မှာ စာအချို့ရေးပြီး save လိုက်ပါ။

7) D:\> အောက်သွားပြီး အဲဒီ notepad ကို ဖွင့်ကြည့်လိုက်ပါ။ ရိုက်ထားတဲ့စာတွေတွေ့ရမှာမဟုတ်တော့ပါဘူး

Cool စာတွေကိုပြန်တွေ့ချင်ရင် command prompt ကိုသွားပြီး အောက်ကအတိုင်း ထပ်ရိုက်ထည့်လိုက်ပါ။

   
D:\>notepad mmso.txt:hidden

   mmso notepad ပေါ်လာပြီး ဖွက်ထားတဲ့ စာတွေပါ ပြန်ဖော်ပြပေးပါလိမ့်မယ်

ပုံတွေထဲမှာ စာတွေဝှက်နည်း

|
တခါတုန်းက အိုင်တီဖွင့်ဖြိုးတဲ့ ရွာလေးတရွာမှာလေ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦး ဖြစ်ကြတဲ့ ကင်းကောင်ဆိုတဲ့ကောင်လေးနဲ့ ပွင့်ဆိုတဲ့ ကောင်မလေး နှစ်ဦးရှိကြတယ်တဲ့။  ပွင့်ရဲ့မိဘတွေက သူတို့သမီးကို ကင်းကောင်နဲ့သဘောမတူကြဘူး။ အကြောင်းကတော့ ဝလို့တဲ့လေ။ Grin ကင်းကောင်နဲ့ဆက်သွယ်လို့မရအောင် အိမ်မှာပိတ်ထားတဲ့အပြင် အွန်လိုင်းကပါဆက်သွယ်လို့မရအောင် အီးမေးတွေကိုပါ သူတို့လက်ကဖြတ်ပြီး သေချာစစ်ဆေးပြီးမှ  သူတို့သမီးကိုပေးဖတ်တာ။ အဲဒီမှာကင်းကောင်လဲ အကြံရခက်သွားတယ်။ ဒါပေမဲ့သူလဲခေသူမှမဟုတ်တာ။ ရွာသာကြီးက ကွန်ပျူတာဘွဲ့ရလာတဲ့အကောင်ပဲ။ Grin ဒီလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ဆိုပြီး သူက ကောင်မလေးရဲ့ သူငယ်ချင်းနာမည်ဆင်တူသုံးပြီး ဂျီမေးအကောင့်ဖွင့်လိုက်တာပေါ့။


ပြီးရင် သူ့စာတွေကို အယောင်ဆောင်ပို့ဖို့အတွက် ကောင်မလေး ပုံတစ်ပုံရွေးလိုက်ပါတယ်။ ပြီးရင် myphoto လို့နာမည်ပေးပါတယ်။ အဲဒီပုံကို C:\ (C directory)  အောက်မှာခဏထားလိုက်ပါတယ်။

သူရးချင်တဲ့စာကို Notepad နဲ့ ရေးလိုက်ပါတယ်။ ပြီးရင် အဲဒီ Notepad ကို C:\  အောက်မှာပဲ myletter နာမည်နဲ့ save မှတ်လိုက်ပါတယ်။

အားလုံးပြီးသွားရင် Command Prompt ကို ဖွင့်ပြီး သူ့ file တွေ  သိမ်းထားတဲ့ directory ( C:\) ကိုသွားပြီး အောက်ကအတိုင်းရိုက်ထည့်လိုက်ပါတယ်။

copy /b myphoto.jpg + myletter.txt combine.jpg

combine.jpg ဆိုတဲ့နာမည်နဲ့ ပုံအသစ်တပုံ အဲဒီ C:\  အောက်မှာပဲပေါ်လာပါမယ်။

ကင်းကောင်က အဲဒီ combine ဆိုတဲ့ပုံလေးကို ပွင့်ဆီ အီးမေးကနေပို့လိုက်ပါတယ်။ ထုံးစံအတိုင်း ပွင့်အိမ်ကလူတွေက ပုံကို double click နှိပ်ပြီးကြည့်လိုက်တော့ ကောင်မလေးပုံဆိုတော့ ပွင့်ကို လက်ဆင့်ကမ်းပေးလိုက်တာပေါ့။ ပွင့်က အဲဒီပုံကို Right Click နှိတ်ပြီး open with နဲ့ notepad အနေနဲ့ဖွင့်ကြည့်လိုက်မှ ကုဒ်တွေရဲ့ နောက်ဆုံးမှာ သူ့ကိုကိုကင်းကောင်ရဲ့ အချစ်စာလွှာလေးကို တွေ့ရှိရမှာ ဖြစ်ပါတယ်။