Showing posts with label Gmail/Gtalk. Show all posts
Showing posts with label Gmail/Gtalk. Show all posts

စိတ်ဝင်စားဖွယ် Gmail Tips 1

| 10 June 2009
စိတ်ဝင်စားဖွယ် Gmail Tips 1

မိတ်ဆွေရဲ့ gmail address က "
obama@gmail.com" လို့ဆိုပါတော့။ ဒါဆိုရင်အောက်က ဘယ်လိပ်စာဆီပဲ email ပို့ပို့ မိတ်ဆွေရဲ့ "obama@gmail.com"ဆီကိုရောက်မှာပဲ

obama@gmail.com
o.bama@gmail.com
ob.ama@gmail.com
oba.ma@gmail.com
obam.a@gmail.com   

obama@googlemail.com
o.bama@googlemail.com
ob.ama@googlemail.com
oba.ma@googlemail.com
obam.a@googlemail.com

ဒါတင်လားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ dots တွေကြိုက်သလောက်ထည့်လို့ရတယ်။ ဥပမာ"
o.b.a.m.a@gmail.com" နဲ့သုံးပြီးစာပို့ရင်လဲ မိတ်ဆွေရဲ့ မူလ emailဖြစ်တဲ့ "obama@gmail.com" ဆီကို အဲဒီစာရောက်မှာပဲ။
နောက်တခုက ကိုယ့် email address နောက်က ‘+’ sign သုံးပြီးကိုယ်ထည့်ချင်တဲ့စာတွေ ထပ်ပေါင်းထည့်လို့ရသေးတယ်။ ဥပမာ"obama+iloveyou@gmail.com" ကိုမိတ်ဆွေရဲ့ email address ပွါးအနေနဲ့သုံးလို့ရသေးတယ်

ဒါဆိုရင် အဲဒါတွေသိတော့ ဘာလုပ်ရမှာတုန်း?
သိပ်ရတာပေါ့ဗျာ။

1.
email တွေ သက်စေ့ဖွင့်စရာ မလိုပဲ account တခုထည်းနဲ့အများကြီးပွါးသုံးလို့ရတာပေါ့။ ဘယ်လိုပွါးမှာလဲ။ ဒီလိုလေးပါခင်ဗျ။ကျနော်ဆိုရင်ပေါ့ ကောင်မလေးတွေကို ဒီလိပ်စာပေးပါမယ်"
barrackobama@gmail.com" ။ ယောက်ကျားလေးတွေကိုတော့ ဒီလိပ်စာပေါ့"barrack.obama@gmail.com"။ ပြီးရင် အဝင် mails တွေကို filterလုပ်လိုက်ပါမယ်။ "barrackobama@gmail.com" လိပ်စာနဲ့လာတဲ့ mail ဆို ’sentto’ သုံးပြီး "forever" ဆိုတဲ့ folder ထဲသွားခိုင်းလိုက်မယ်။"barrack.obama@gmail.com" လိပ်စာနဲ့ ဆိုရင်တော့ "for delete" ဆိုတဲ့folder ထဲဂျောင်းပေတော့။

2.
spammers တွေရဲ့ရန်ကကာကွယ်လို့ရသေးတယ်။
website တခုမှာ ကိုယ် sign up လုပ်တဲ့အခါတိုင်း email addressကိုဒီလိုလေးပေးပါမယ် "obama+thatsitename@gmail.com"။ဒီလိုလုပ်ချင်းအားဖြစ် အဲဒီ site ကလာတဲ့စာတွေကို ကိုယ်မလိုချင်ရင်အချိန်မရွေးဘန်းလို့ရတဲ့ အပြင် အဲဒီ site က spammers တွေကို ကိုယ့် emailaddress ဖြန့်ပေးနေလား မပေးလားဆိုတာပါသိနိုင်တယ်။

How to get back your stolen Gmail account?

| 06 May 2009
အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့ သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကို လုံခြုံတဲ့တနေရာ (ဥပမာ ကို Infofreakz အိမ်
) မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့

http://www.google.com/support/accounts/bin/request.py?contact_type=ara&ctx=accounts&hl=en