Why America's economy fell off the cliff
(MADE IN JAPAN ) for 6 am.
While his coffeepot
(MADE IN CHINA )
was perking, he shaved with his
electric razor
(MADE IN HONG KONG )
He put on a
dress shirt
(MADE IN SRI LANKA ),
designer jeans
(MADE IN SINGAPORE )
and
tennis shoes
(MADE IN KOREA)
After cooking his breakfast in his new
electric skillet
(MADE IN INDIA )
he sat down with his
calculator
(MADE IN MEXICO )
to see how much he could spend today. After setting his
watch
(MADE IN TAIWAN )
to the radio
(MADE IN INDIA )
he got in his car
(MADE IN GERMANY )
filled it with GAS
(from Saudi Arabia )
and continued his search
for a good paying AMERICAN JOB.
At the end of yet another discouraging
and fruitless day
checking his
Computer
(made in MALAYSIA ),
John decided to relax for a while.
He put on his sandals
(MADE IN BRAZIL ),
poured himself a glass of
wine
(MADE IN FRANCE )
and turned on his
TV
(MADE IN INDONESIA ),
and then wondered why he can't
find a good paying job
in AMERICA
AND NOW HE'S HOPING HE CAN GET HELP FROM A PRESIDENT MADE IN KENYA
6 Truths of Life
1) You cannot touch all your teeth with your tongue.
2) All idiots, after reading the first truth, will try it.
3) And discover that the first truth is a lie.
4) You're smiling now because you're an idiot.
5) You soon will forward this to another idiot.
6) There's still a stupid smile on your face.
I apologize about this.... I'm an idiot and I needed company.
HAVE A NICE DAY!
Funny Pictures 1
Funny Computer error
Download the Internet
100% privacy
New Eddition of ipod, iblade
over-worked mouse
Rapidshare in the future
Myanmar Firemen
funny Sign
ဖတ်ဖူးသမျှ ဟာသများ 1
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
"ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
"ကောင်းပါတယ်. ကျေးဇူး"
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."
ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….
စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
"ခင်ဗျားလိုပဲပေါ့ဗျာ."
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"
ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."
ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."
--------------------------------------------------------------------------------------------------------------------------------------------------------------
ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။ ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး…. နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။အကြံကောင်း
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား… ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား… အဖေ့ စကားနားထောင်လိုက်ပါမယ်။
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး… ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား… လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား… ရပါတယ်။
မြန်မာကား ဆိုသည်မှာ
မြန်မာကားများကြည့်ပြီး ရရှိသော ဗဟုသုတ(၁၀၀)
၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ြ ပီး
များသောအားဖြင့် အတိတ်ကို အဖြုအမည်းဖြင့်သာ သတိရလေ့ရှိသည်။
၂။ သီးချင်းနားထောင်လေ့ရှိသူများဖြ စ်ပြီး သီချင်းနားထောင်နေရင်း
အတိတ်အကြောင်းများပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။
၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက..အစာလုံးဝမစားရ။
(သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။)
၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော
ယောက်ျားလေးများ အများအပြားရှိသည်။
၅။ ထိုယောက်ျားလေးများ အားလုံးသည် ကားပြင်တတ်သူများဖြစ်ကြသည် ။
၆။ ထိုမိန်းကလေးသည် HandPhone ရှိသော်လည်း များသောအားဖြင့်
လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။
၇။ Professional Graphic Designer တယောက်သည် Laptop ဖြင့် Touchpad ကို
သုံးပြီး အံသြေလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft Paint ဖြင့်
ဖန်းတီးလေ့ရှိသည်။
၈။ Instant Messenger/Chat Client ဆိုသည်မှာ Pagemaker/MS Word ကို
ဆိုလိုခြင်းဖြစ်သည်။
၉။ Computer ပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး
ကွန်ပြူတာသုံးလေ့ မရှိကြ။
၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျောက်လေ့ ရှိသည်။
၁၁။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။
၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊လူမိုက်များဖြစ်ကြသ ည်။
၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။
၁၄။ လူဆိုးခေါင်းဆောင်အများစုသ ည် ကုတ်အင်္ကျီ (သို့) Leather Jacket
ဝတ်လေ့ရှိပြီး တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။
၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။
၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင် စာလေ့မရှိဘဲ
လူဆိုးများဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။
၁၇။ Snooker ကစားသူများ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။
၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို
ရေထဲသို့ တွန်းချလေ့ရှိသည်။
၁၉။ စီးပွားရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို
ဝတ်စုံပြည့်ဝတ်ဆင်သွားလာလေ့ရှိသ ည်။
၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများကိုင်ဆောင်လေ့ရှိကြသည်။
၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပတ်သက်သူ တစုံတယောက်မှာ
သေဘေး(သို့)အန္တရာယ် နှင့် ကြုံနေရသည်မှာ အသေအချာပင်။
၂၂။ သေခါနီး လူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။
၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။
၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့်
မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။
၂၅။ တက္ကသိုလ် ကျောင်းသားဘဝသည် ကင်တင်းတွင် တနေကုန်ထိုင်ပြီး
ရီစရာဟာသများပြောကာ ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။
၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmmar Info Tech (ICT Park ) နှင့်
အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။
၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။
၂၈။ ကျောင်းသူမိန်းကလေးအများစု သည် အသံစွာကျယ်စွာကျယ်
စကားပြောလေ့ရှိပြီး၊ ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်
။
၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင် ဝိုင်းစတတ်ကြသည်။
၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်း များလုပ်လေ့ရှိသည်။
၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။
၃၂။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ( ၃) ယောက် (၄) ယောက်
အဖွဲ့လိုက်တာ ပေါင်းသင်းလေ့ရှိသည်။တစ်ယောက်ထဲ နေလေ့ သိပ်မရှိ။
၃၃။ ယောက်ျားလေးအဖွဲ့မှ တစ်ယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ
တစ်ယောက်ယောက် ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည်
ထိုမိန်းကလေးအဖွဲ့မှ အခြားသောမိန်းမလေးများနှင့် 
ရည်းစားဖြစ်သွားလေ့ရှိသည်။
၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားနေကြလေ့ရှိသည်။
၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။
၃၆။ ကိုယ်ဝန်ရှိသော မိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကြဖို့ ၉၀% သေချာသည်။
၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ
အလွန်ပျော်ရွှင်လေ့ရှိသည်။
၃၈။ မြန်မာမိန်းမလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။
၃၉။ အသည်းကွဲသူများသည် အလွမ်းသီးချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိသည်။
၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့် ရည်းစားဖြစ်တတ်သည်။
၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍
လက်စားခြေလိုလျှင် သမီးရည်းစားအဖြစ်တွဲလေ့ ရှိသည်။
၄၂။ အရက်မူးလာလျှင် အာလေးလျှာလေးဖြင့် စကားပြောတတ်ပြီး
ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။
၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှ င် များသောအားဖြင့် ရဲလာဖမ်းလေ့ မရှိ။
၄၄။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ဖော်အိမ်ရှိကောင်းမလေးများအား
မတရားပြုကျင့်တတ်ကြသည်။ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုးလဲသွားခြင်း၊
ကျကွဲခြင်းများဖြစ်တတ်သည်။
၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင်
မုဒိန်းကောင်ဖြစ်သည်။ ( မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀%
သေချာသည်။ )
၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။
၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။
၄၈။ ကိုယ်ဝန်ဖျက်ချလေ့လဲမရှိသည့်အပြ င် ကလေးကို တောရွာတခုခုသို့ သွားပြီး
ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။
၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖော် ကောင်းမလေးများရှိတတ်သည်။
၅၀။ ထိုအိမ်ဖော်ကောင်မလေးများသ ည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။
၅၁။ ရုပ်ဆိုးသောအိမ်ဖော်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။
၅၂။ ခေတ်လူငယ်အများစာသည် Shopping Mall များ Sanck Shop များတွင်
တချိန်လုံး အချိန်ဖြုန်းနေတတ်ကြသည်။
၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်းမလေးများအား မျက်စပစ်ပြခြင်း
စသည် စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည် ။
၅၄။ မိန်းမလေးများ မဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေးအဖွဲ့တစ်ဖွဲ့ နှင့်
လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစားဖြစ်သွားလေ့ရှိသည် ။
၅၅။ ယောက်ျားလေးမိန်းမလေးအဖွဲ့များတွင် အချောဆုံးတစ်ယောက်မှ လွဲပြီး
ကျန်သော သူငယ်ချင်းများမှာ တချိန်လုံး ဟာသလုပ်ပြီး
ရီစရာများပြောနေတတ်ကြသည်။
၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး(သို့) နှစ်ဦးစလုံး မရှိတတ်ကြ။
ဦးလေး အဒေါ်များ သူငယ်ချင်းများ ဖြင့်သာနေလေ့ရှိကြသည်။
၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်စား စကားပြောခွင့်ရှိသည်။
၅၈။ (အရောင်းတာဝန်ခံ/မန်နေဂျာ/Secur ity) မည်သူကမျှ မတားစီးကြ၊
အနှောင့်အယှက်ပေးလေ့ မရှိကြ။
၅၉။ မည်သူမဆို တက်ဆီငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။
၆၀။ အသက် ၄၀ ကျော်မိန်းမကြီး ၉၀% ခန့်မှာ အတင်းပြောတတ်သူများသာဖြစ်ြ ကသည်။
၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။
၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။
၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး
ဂစ်တာတီးနေသူများကို တရပ်ကွက်လုံးက သည်းညည်းခံကြသည်။
၆၄။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။
၆၅။ ကောင်းမလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင်
သွားလာလေ့ရှိသည်။
၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်းမလေးအား ဆွဲလာရမ်းလားလုပ်ဖို့
အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။
၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီ တောင်းလေ့မရှိကြ။
၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ ယောက် ၃ ယောက်မကသော
လူဆိုး/လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့် အခါများတွင်
တိုက်ဆိုင်စွာ ဘောင်းဘီရှည်သာ ဝတ်ထားလေ့ရှိသည်။
၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။
၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါချာချာ အကိုတစ်ယောက်
ရှိနေတတ်သည်။
၇၁။ ထိုမိန်ကလေး၏ အဖေသည် သူ၏ သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။
၇၂။ နယ်မှ တယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော
အခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလာလေ့ရှိသည်။
၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တခါတရံ) စုတ်ပြဲနေသော
အဝတ်အစားများသာ အမြဲလိုလိုဝတ်ဆင်ကြသည်။
၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ် လုပ်လေ့မရှိကြ။
၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျောက်နေလေ့ရှိသည်။
၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော
ကောင်မလေးအား လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအား
ငွေဖြင့်သိမ်းသွင်းတတ်သည်။
၇၇။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီး နားကျပ်လည်ပင်းတပ်ထားသူတို င်း
ဆရာဝန်များဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး
နားကျပ်လည်ပင်းဆွဲတတ်ကြသည် ။
၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှ င် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ
ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။
၇၉။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ(သို့)
သွေးတိုးရောဂါများရှိတတ်သည်။
၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီးဖုန်းပြောနေရင်းမှ မူးမေ့လဲသွားတတ်သည်။
၈၁။ အလွန်တော်သော မိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော
ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။
၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။
၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နာမည်များ
ဖြစ်လေ့ရှိသည်။
၈၄။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။
၈၅။ ထို တောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှ စခြင်းနောက်ခြင်း
ပြောင်လှောင်ခြင်းမပြုကြ။
၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအား
ခိုးရာလိုက်သွားပြီဖြစ်ကြောင်း. .အိပ်ယာပေါ် သို့မဟုတ် အိပ်ယာဘေးက
စားပွဲပေါ် တင်ထားလေ့ ရှိကြသည်။
၈၇။ ထိုစာအများစုတွင် သမီးမိုက်ဆိုသော စာသား ပါလေ့ရှိသည်။
၈၈။ ယောက်ျားလေးအများစုကတော့ မိဘ ကို မိန်းမခိုးမည့်ကိစ္စနှင့်
ပါတ်သက်ပြီး လုံးဝအသိပေးလေ့မရှိ။
၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းသူများ သေတတ်သည်။
၉၀။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့
အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။
၉၁။ အိပ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိပ်ရှင်၏ သမီးအား မမလေး ဟုသာ
ခေါ်လေ့ရှိသည်။
၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကို ပင် လေးနက်အောင်
တမင်ကြိုးစားဖျစ်ညစ်ပြောတတ်သော အကျင့်များရှိလားကြသည်။
၉၃။ လူကြားထဲတွင် အိနြေ္ဒ ပျက်လောက်အောင် တကိုယ်လုံးနှင့်
လက်များရမ်းခါလှုပ်ပြီး စကားပြောတတ်သူများကို..မထူးခြား သယောင် ဆက်ဆံ
ပြောဆိုတတ်ကြသည်။
၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။
၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။
၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင် ရိုမန်တစ်ဖြစ်သည်။
၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။
၉၈။ နိုင်ငံခြားသွားပြီး ပညာသင်ပါက မြန်မာပြည်တွင် အလွင်အောင်မြင်သော
စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။
၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားကြတယ်။
၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်း မပြုကြ။
ဖတ်ဖူးသမျှ အကြိုက်ဆုံးဟာသများ 1
“အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်”
“ဘာဖြစ်လို့လဲ”
“သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ”
--------------------------------------------------------------------------
“ကျွန်တော့်အိမ်ဘေးက အသစ်ပြောင်းလာတဲ့ လူတွေက ဆိုးတယ်ဗျ...မနေ့
ည သန်းခေါင်ယံ လူခြေတိတ်ချိန်မှာ ကျွန်တော့်အိမ် တံခါးကို တဒုန်းဒုန်း လာ
ထုတယ်”
“ဟာ...တော်တော်ဆိုးတာပဲ...ခင်ဗျား ရဲမတိုင်ဘူးလား”
“မတိုင်ပါဘူး......သူတို့ကို ကျွန်တော်က အရှုးလို့ သဘောထားပြီး ကျွန်တော့်
စန္ဒားယားကို ကျွန်တော်ဆက်တီးနေလိုက်တယ်”
-------------------------------------------------------------------------
ကမ္ဘာ့အချောဆုံးလူ ကို သချာင်္သုံးပြီးရွေးကြစို့
အဖြေကိုအရင်မကြည့်ပဲရွေးရန်
1) 1 မှ 9 အတွင်း ကြိုက်ရာ နံပါတ် တခုရွေးလိုက်ပါ
2) အဲဒီ နံပါတ် ကို 3 ဖြင့်မြှောက်ပါ
3) ရလာတဲ့အဖြေကို 3 ပေါင်းပြီး 3 ဖြင့် ထပ်မြှောက်ပါ
4) ဂဏန်းနှစ်လုံးရလာပါလိမ့်မည်။ အဲဒီ ဂဏန်းနှစ်လုံးကိုအချင်းချင်းပြန်ပေါင်းပါ (ဥပမာ သင် 11 ရတယ်ဆိုပါတော့ ဒါဆို အဲဒီနှစ်လုံးကိုပြန်ပေါင်းလိုက်ပါ 1+1=2)
နောက်ဆုံးရလာတဲ့ နံပါတ်ကို အောက်က အဖြေနဲ့တိုက်ကြည့်လိုက်ပါ။ ကမ္ဘာ့အချောဆုံးလူ နဲ့တထပ်တည်းဖြစ်နေတာ တွေ့ရလိမ့်မယ်။
1.Jang Dong-gun
2. Rain
3. Brut Pitt
4. Tom Cruise
5. Kwon Sang-woo
6. Bae Yong Joon
7. Song Seung Hun
8. Lee Byung-hun
9. Istein
10. David Beckham