Showing posts with label Science News. Show all posts
Showing posts with label Science News. Show all posts

တို့ရဲ့ကမ္ဘာမှာ ဂြိုလ်သားတွေ

| 25 February 2009


ဂြိုဟ်သားများသည် လူအများထဲတွင် ၀င်ရောက်ရောနှောကာ သွားလာလှုပ်ရှားနေနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ လူယောင်ဆောင်ထားသော အခြားဂြိုဟ်ကမ္ဘာများမှ သက်ရှိများစွာ ရှိနေနိုင်ပြီး ၎င်းတို့သည် လူသားများ၏ DNAကို ရယူကာ လူအသွင်ကို ဖန်တီးထားသဖြင့် ဖော်ထုတ်နိုင်ရန် ခဲယဉ်းကြောင်း အမေဇုန်ပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာပေါလ်ဒေးဗစ်က အမေရိကန်သိပ္ပံနှင့် သဘာဝလွန်ဖြစ်ရပ် လေ့လာရေးအဖွဲ့ချုပ် ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။ လူအများထဲတွင် ရောနှောပါဝင်နေသည့် ဂြိုဟ်သားများကို မည်သို့ခွဲထုတ်ရမည်ဆိုသည်မှာ သုတေသီများအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဟုလည်း ပါမောက္ခ ဒေါက်တာပေါလ်က ထည့်သွင်းဆွေးနွေးခဲ့သည်။ ထိုအကြောင်းခြင်းရာကို (၁၉၆၀)ခုနှစ်၊ ၎င်းကျောင်းသားလေး တစ်ဦးအဖြစ် ရှိနေစဉ်ကတည်းက အစဉ်တစိုက် လေ့လာခဲ့ကြောင်းလည်း ဒေါက်တာပေါလ်က ရှင်းပြခဲ့သည်။

ကမ္ဘာမြေသည် နေအဖွဲ့အစည်းအတွင်း သက်ရှိများ နေထိုင်သည့် တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်ဆိုသည့် အယူအဆမှာလည်း သံသယရှိစရာ အခြေအနေတစ်ခု ဖြစ်လာနေကြောင်း ဒေါက်တာပေါလ်က ပြောကြားခဲ့ပြီး ၎င်းက မားစ်ဂြိုဟ်တွင် အခြားသော အသိဥာဏ်စွမ်းရည် မြင့်မားသည့် သက်ရှိများ ရှိနေနိုင်ကြောင်း ယုံကြည်လျက်ရှိသည်။ ၎င်းသည် လူသားများအတွင်း ဂြိုဟ်သားများ ရောနှောဝင်ရောက်နေနိုင်ကြောင်း သီအိုရီများ၊ မှတ်တမ်းတင်ထားသော ဖြစ်ရပ်ဆန်းများကို ကိုးကားပြီး ရှင်းလင်းပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ထိုဂြိုဟ်သားများကို ရွေးချယ်ဖယ်ထုတ်နိုင်ရန် တိကျသော နည်းလမ်းမျိုး မရှိကြောင်းလည်း ဒေါက်တာပေါလ်က ၀န်ခံခဲ့သည်။ ဆန်းကြယ်သော သက်ရှိများသည် ကမ္ဘာ့လူသားများအတွင်း ရောနှောဟန်ဆောင် လှုပ်ရှားနေကြပြီး မားစ်ဂြိုဟ်မှရော၊ အခြားနေအဖွဲ့အစည်းများ အတွင်းရှိ ဂြိုဟ်ကမ္ဘာများမှပါ လာရောက်ကြသည့် ဧည့်သည်တော်များ ဖြစ်နိုင်ကြောင်း ဒေါက်တာပေါလ်က သုံးသပ်ထားသည်။ ကမ္ဘာဂြိုဟ်သည် အဓိကအားဖြင့် ကာဘွန်၊ ဟိုက်ဒြိုဂျင်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်စ်ဟူသည့် ဓာတ်(၅)ခုဖြင့် အဓိက တည်ဆောက်ထားပြီး ထိုဓာတ်များနှင့် သဟဇာတဖြစ်စွာ ရှင်သန်နိုင်သည့် သက်ရှိများအားလုံးသည် ကမ္ဘာ့လူသားထုအတွင်း လွယ်ကူစွာ ကိုယ်ရောင်ဖျောက်နေနိုင်ဖွယ် ရှိနေသည်ဟု ၎င်းက အခြားသော သိပ္ပံပညာရှင်များအား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(နောက်ဆိုရင် ဂြိုလ်သား တွေနဲ့ပါ Gtalk မှာ ချက်ရင်ချက်ရတော့မှာ)

Source: Planet

Original Source: TimesOnline